
Alice Upside Down (2007) ==================== ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။ တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိသလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ အဲလစ်တစ်ယောက် ပြ ဇာတ်ကိုအကြောင်းပြုပြီး ဆရာမလေးနားကပ်ဖို အကြံရသွားပါတယ်။ ပြီး တော့ ပြဇာတ်မှာ မင်းသမီးလေးနေရာပါ၀င်ရဖို့လည်း အဲလစ်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ အဲလစ်လေး ပြဇာတ်မှာပါရပါ့မလား၊ သူငယ်ချင်းတွေ ရနိုင်ပါဦးမလား၊ ကျောင်းမှာရော အိမ်မှာပါ ဘယ်လိုရယ်စရာ ပျော်စရာ ၀မ်းနည်းစရာတွေ ကြုံရဦးမှာလဲ… ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လောင် စရာတွေမပါဘဲ ပေါ့ပေါ့ပါးပါး ချစ်စရာဇာတ်လမ်းလေးမို့ ခဏတာစိတ်အ ပန်းပြေစေမှာတော့ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.64 GB) / (644 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Drama Translator……C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.64 GB | Download | |
| 1080p | 1.64 GB | Download | |
| 1080p | 1.64 GB | Download | |
| 1080p | 1.64 GB | Download | |
| 1080p | 1.64 GB | Download | |
| 720p | 644 MB | Download | |
| 720p | 644 MB | Download | |
| 720p | 644 MB | Download | |
| 720p | 644 MB | Download | |
| 720p | 644 MB | Download |