
နှစ်တိုင်းလိုလို ခရစ်စမတ်ကာလနီးလာရင် ခရစ်စမတ် Theme ဇာတ်ကားကောင်းလေးတွေ ထွက်လေ့ရှိတဲ့ထုံးစံအတိုင်း ဒီ 2022 မှာတော့ Sam & Kate ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ "ကိတ်ထ် နဲ့ ဆမ်" ဆိုတဲ့ အဓိကဇာတ်ဆောင်နှစ်ဦးပါဝင်ပြီး ကိတ်ထ်ဟာ နယ်မြို့လေးမှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားတဲ့ ခပ်အေးအေးနေတတ်သူ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဆွေမျိုးရယ်လို့တော်စရာ "တီနာ" ဆိုတဲ့ မိခင်တစ်ဦးသာရှိပြီး အဆင်းရောအချင်းပါပြည့်စုံပေမဲ့ ထူးဆန်းစွာပဲ Single တစ်ယောက်ဖြစ်လို့နေပါတယ်။ တစ်ဖက်မှာတော့ ဆမ် ဟာ ပန်းချီပညာဘက်မှာ ပါရမီပါပြီး ထူးချွန်ပေမဲ့ ဖခင်ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ပိုဆိုးလာတာကြောင့် သူ့အိပ်မက်တွေကိုစွန့်လွှတ်ပြီး ဖခင်ရှိရာ ကိတ်ထ်တို့ရဲ့မြို့လေးက ချောကလက်စက်ရုံတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ရင်း လူ့ဂွစာဖခင်ကို စောက်ရှောက်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဂုဏ်ဒြပ်တွေမရှိတဲ့ အညတရ ဆမ် တစ်ယောက် စာအုပ်ဆိုင်ထဲက သိပ်လှတဲ့ကောင်မလေး ကိတ်ထ်ကို မြင်မြင်ချင်းသဘောကျသွားတဲ့အခါ ကိတ်ထ် လိုကောင်မလေးကိုရဖို့ သူဘယ်လိုတွေကြိုးစားမလဲ။ အချစ်စစ်အတွက် ဘယ်လိုမျိုးအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင် ခံစားကြည့်ကြပါခင်ဗျာ။ ရိုးရှင်းတဲ့ဇာတ်အိမ်နဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးလို့ထင်ရပေမဲ့လည်း အော်စကာဆုရ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်ပြီး ရုပ်ရှင်ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသားကြီး Dustin Hoffman အပြင် မင်းသမီးကြီး Sissy Spacek တို့ပါ ပါဝင်ဇာတ်ပို့ထားတဲ့အတွက် ဝါရင့်သမ္ဘာရင့်သရုပ်ဆောင်ချက်တွေကို အားရကျေနပ်အောင်ခံစားရမှာပဲဖြစ်ပါတယ်။ မင်းသားကိုယ်တိုင်ကလည်း မင်းသားကြီး Dustin Hoffman ရဲ့ သားအရင်းဖြစ်ပြီး အပြင်မှာလည်း သားအဖ၊ ဇာတ်ကားထဲလည်း သားအဖဆိုတော့ Chemistry က ရှယ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thar Htet မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 700MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Thar Htet Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 720p | 700MB | Download | |
| 1080p | 1.4GB | Download | |
| 720p | 700MB | Download |