
( Romantic & Thriller)IMDb rate 6.7 Rotten Tomatoes rate 73% Adrift ( မျောပါခြင်း) ဆိုတဲ့အချစ်ကားလေးက ပင်လယ်ကိုအပျော်ခရီး ထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ၁၉၈၃က ဖြစ်ရပ်လေးကို ဒီနေ့ခေတ်ပုံစံအသွင့်ဖြင့် ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ ဒီကားထဲက ရစ်ချက်သရုပ်ဆောင်မင်းသားကို 2016 ခုနစ်က အင်္ဂလန်မှာ ရိုက်ကူးခဲ့တဲ့ အချစ်ကားလေး ( me before you) ဆိုတဲ့ကားကိုကြည့်ဖူးရင်သိမှာပါ အဲ့ကားထဲမှာ မင်းသားက wheelchairပေါ်ထိုင်နေရတဲ့ သူဌေးသားတစ် ဦးဖြစ်ပြီး မင်းသမီးကတော့ မင်းသားကိုပြုစုဖို့အလုပ် လာလျှောက်တဲ့ကောင်မလေးပေါ့ ဒီအချစ်ကားလေးအဆုံးမှာ မင်းသားက သူ့ဘဝတစ်ခုလုံး wheelchairပေါ်မှာထိုင်ရင်းမကုန်ဆုံးနိုင် တော့လို့သူ့ကို ဆေးထိုးသက်ပေးခိုင်းလိုက်တာပါ တကယ့်ကို ရင်နှစ်ဖွယ်ကားလေးပါ အခုဒီကားလေးမှာလဲSam Claflinပါဘဲ အင်္ဂလန်နိုင်ငံရဲ့မင်းသားပီပီ မျက်ခုံးထူထူ နှာတန်ချွန်ချွန် ပါးသိုင်းမွေးရေးရေးလေးတွေနဲ့ တကယ့် ကိုယောကျ်ားပြီသတဲ့ရုပ်ပါဘဲ XP မှ မြန်မာ့ရိုးရာ ဖုန်းကာဗာ အမျိုးမျိုးအား တစ်နိုင်ငံလုံး အနှံ့ ဖြန့်ချီပေးနေပါပြီ အခု ဒီ 2018 July လထွက် Adrift က တစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးဘဲပါတယ် သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကို တကယ် အေးချမ်းစေပါတယ် ဇာတ်လမ်းလေးကတော့ဒီလိုရှင့်... ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေ ကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးက သင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ် နောက်တော့ ကောင်လေးနဲ့တွေ့ပြီ မင်းသားကသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ် အဲ့ညမှာကောင်မလေးက ပင်လယ်ကိုရွက်လွင့်တာ ကြိုက်မှန်သိလို့ သူတစ်ကမ္ဘာလုံးရွက်လွင့်ပြီကိုလိုက်ပြဖို့ခွင့်တောင်းပါ တယ် နောက်နေ့မှတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွင့်ကျပါတော့တယ် ဟာဇက်နာဆိုတဲ့မြို့မှ ခနဈေးဝင်ဝယ်ထွက်ရင်း ကောင်လေးသူငယ်ချင်းဟောင်းနှစ်ယောက်နဲ့ပြန်ဆုံပြီးဒေါ်လာ တစ်သောင်းရမယ့် ကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခံရပါတယ် ကမ်းလှမ်းချက်က ဟာဇက်နာကနေ ကယ်လီဖိုးနီးယာပြည် စန်ဒီရေးဂိုကိုသူတို့အစားရွက်လွင့်သွားပေးရမယ့်တာဝန်ပါ အရမ်းကောင်းတဲ့အခွင့်ရေးဖြစ်လို့ လက်ခံလိုက်ပြီ ချစ်သူနှစ်ဦး ခရီးစထွက်ရင်း ပစိဖိတ်သမုဒ္ဒရာမှာ အမေရိကားအလယ်ပိုင်းကို အားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့ လေမုန်တိုင်းတစ်ခုမိသွားခဲ့ပါတယ် ထိုမုန်တိုင်းကြောင့် လှေမှောက်ပြီး ပစိဖိတ်ထဲမှာ ၄၁တစ်ရက်အထိ အသက်ရှင်အောင်နေထိုင်ခဲ့တဲ့ လူငယ်စုံတွဲနှစ်ယောက်ရဲ့ဖြစ်ရပ်မှန်လေးကိုရိုက်ကူးထားတာပါ CM ကပရိတ်သတ်တွေ ဒီကားကိုကြည့်ရင် အဆုံးကျရင် ''ဟာ''ကနဲဖြစ်သွားစေရမယ် ကျွန်မဒီလောက်ထိဘဲ ဇာတ်ကားကိုမိတ်ဆက် ပေးလိုက်ပါတယ် ဟုတ်CM ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် # Little Cherry Cole
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |