
Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့ ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပနေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ ဒါရိုက်တာစွမ်းတွေကြောင့်လို့ပြောရင်မမှားပါဘူး။ သူဟာ သူခိုးအလုပ်ကို အရင်ကလုပ်ခဲ့ဖူးပြီး အနားယူထားသူဆိုတော့ သူခိုးရဲ့ အသွားအလာတွေကို သိနေတာတော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ ခက်တာကလည်း ရဲတွေအပါအဝင် နီးစပ်တဲ့အသိုင်းအဝိုင်းက သူ့ကို နာမည်ကြီး ကြောင်သူခိုး The Cat အနေနဲ့ ပြန်လှုပ်ရှားနေပြီလို့ ထင်နေကြတာပါပဲ။ နောက်ဆုံးမှာတော့ Robie တစ်ယောက် သူခိုးဘယ်လိုဖမ်းမလဲ၊ ကြားထဲမှာကော ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ အချစ်နဲ့ဘယ်လိုတွေ့ရှိမလဲဆိုတဲ့ အူယားစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ ပြဇာတ်ဆန်တဲ့တင်ဆက်မှုမျိုးနဲ့နောက်ခံတေးဂီတတွေက ၁၉၅၅ ခုနှစ်များဆီကို ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားပါ။ ဒါကြောင့် ဂန္တဝင်ကားတစ်ကားကြည့်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် To Catch A Thief က ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့်ကားတစ်ကားဖြစ်ပြီး Hitchcock ရဲ့ထုံးစံအတိုင်း suspense တွေနဲ့ ပြည့်နှက်နေမယ့်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။) File size…(7.2 GB)/(2.4 GB)/(999 MB) Quality…WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download |