
ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ပေးထားတာဆိုပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို စဉ်းစားရရင် "အချစ်ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်ခေတ်တစ်ခါက အတော်ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twistတွေက အတော်လေးမိုက်ပါတယ်၊ အဖော်အပြလည်း ကြမ်းသလို သွေးသံရဲရဲတွေလည်း ပါဝင်လို့ 18+လို့ ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်းတွေကြိုက်ရင် ဒီဇာတ်ကားကို သေချာပေါက် ညွှန်းလို့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်ခေတ် ဒရာမာတွေမှာ မကြာခဏတွေ့နေကျ မင်းသား၊မင်းသမီးကြီးတွေ ပါဝင်ထားပါသေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ နောက်ဆုံးဇာတ်ကား ဖြစ်ပြီး အညွန့်တလူလူနဲ့ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံထောက်အီဂီဟွန်းက ဒီအမှုကို ဦးဆောင် စုံစမ်းစစ်ဆေးရသူပါ၊ သေဆုံးသူမှာ ဇနီးတစ်ယောက်ကျန်ခဲ့ပြီး အသက်အာမခံကြေးက ဝမ်သန်း၆၀၀အထိဖြစ်နေလို့ ဇနီးသည်ကို သံသယတရားခံအဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံထောက်အီဂီဟွန်းကလည်း လူမှုရေး ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ နောက်မီးလင်းနေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ မယားငယ်က အထက်တန်းကျောင်း သူငယ်ချင်းတွေ ဖြစ်နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်တွေရှိနေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်နေ့မှာ အမြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့နောက် အီဂီဟွန်းအနေနဲ့ သူငယ်ချင်းနှစ်ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂ယောက်စလုံးကိုချစ်၊ ၂ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 720p | 901MB | Download | |
| 1080p | 2.1GB | Download | |
| 720p | 901MB | Download |