
မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။ File size…(3.9 GB)/(1.2 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htet Kyaw Myo