
ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ် Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ဖိုးရွှေလမင်းတစ်ဦးဖြစ်လာပါတယ် တစ်ဖက်မှာတော့ Lavanya တို့ ကစားနေတဲ့ သမိုင်းဝင် ချီတာဘာဘူနယ်မြေက ဟော်ကီကွင်းကို ဆေးကုမ္ပဏီအတွက် စက်ရုံတည်ဆောက်ဖို့ဆိုပြီး အားကစားဝန်ကြီးကို Tetra Star ကုမ္ပဏီကနေ လာရောက်ကမ်းလှမ်းပါတော့တယ် နိုင်ငံရေးမှာ သိပ်ပြီး လာဘ်မစားရှာတဲ့ အိန္ဒိယ အားကစားဝန်ကြီးကတော့ ကုမ္ပဏီစီကနေ ကုဋေ ၆၀ ကျော်လောက်တောင်းပြီး မြေကိုပေးဖို့ သဘောတူလိုက်ပါတယ် အဲဒီမှာတင် ဟော်ကီ နည်းပြကြီး Murali တစ်ယောက် တပည့်တွေ နယ်ခံတွေ အကူအညီနဲ့ သမိုင်းဝင် နာမည်ကြီး ချီတာဘာဘူ ကွင်းကို ကာကွယ်ဖို့အတွက် ဆန္ဒဖော်ထုတ်ပါတော့တယ် Naidu တစ်ယောက်လည်း ပိုးပန်းနေတဲ့ Lavanya က ဟော်ကီကစားသမားတစ်ဦးဖြစ်နေတာကြောင့် နိုင်ငံရေး အရှုပ်အထွေးမှာ ပါဝင်ပတ်သက်လာဖို့ အကြောင်းဖန်လာရပါပြီ ဝန်ကြီးရဲ့ နိုင်ငံရေး လှည့်ကွက်တွေ လာဘ်စားမှုတွေ ကြားထဲကနေ သူတို့ တန်ဖိုးထားတဲ့ သမိုင်းဝင် ချီတာဘာဘူကွင်းကြီးကို ဘယ်လို လက်တွဲပြီး ကာကွယ်သွားမလဲ ..... Naidu နဲ့ Lavanya ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဒီအရှုပ်အထွေးတွေကြားထဲ လှပစွာ ဖူးပွင့်လာနိုင်ပါ့မလား .... ဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင် ဆက်လက်ကြည့်ရှု ခံစားပေးသွားပါဦး File size…2.68GB / 1 .47GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Poe & BpL & Kevin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |