
"ယိုယွင်းပျက်စီးမှုတွေနဲ့ တိမ်တွေလိုမှောင်မဲလာတဲ့ လူတစ်ယောက်ရဲ့ အသက် ၄၀ ကာလ" ဩစတြီးယားရဲ့ ဧကရီတစ်ဦးကရော အသက်၄၀ကာလရဲ့ အိုမင်းမှုကို ရှောင်လွဲနိုင်ပါ့မလား? တိုင်းပြည်တစ်ပြည်ရဲ့ ဧကရီ၊ ပြည်သူပြည်သားတိုင်းရဲ့ အလှနတ်ဘုရားတစ်ပါးအဖြစ် နေထိုင်ကျင်လည်ခဲ့တဲ့ ဧကရီဘုရင်မကြီးဟာလည်းပဲ အိုမင်းရင့်ရော်မှု၊ နာကျင်မှု တို့ကို လွန်ဆန်ပိုင်ခွင့် မရှိခဲ့ပါဘူး။ မတည်မြဲခြင်းတွေနဲ့ လွင့်ပျယ်သွားတဲ့ တစ်မိုးအောက်အလှတရားတွေမရှိတော့တဲ့ မိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ဆန်မှုကို ရိုက်ကူးပုံဖော်ထားတဲ့ ဂန္တဝင်ဆန်ဆန် ရုပ်ရှင်တစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ ဆုတွေတစ်ပြုံကြီးသိမ်းထားတဲ့ ဒီဇာတ်လမ်းလေးကတော့ တော်ဝင်ဆန်ဆန် အဆင်အယင် ပုံရိပ်တွေကို သဘောကျတတ်သူများအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ ဇာတ်ကွက်တိုင်းမှာ လွင့်ယိမ်းသွားမယ့် စိတ်ခံစားချက်ပေါင်းစုံနဲ့ ဘုရင်မကြီးရဲ့ မျက်နှာဟန်အမျိုးမျိုးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာမို့ လက်မလွတ်တမ်းကြည့်ရှုလိုက်ဖို့ တွန်းတွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။) File Size : 2.8GB, 705MB, 333MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 31mins Genre : Biography, Drama, History Translated by Hae Areum Encoded by Kinnov