
ပထမကားထဲမှာ မင်းသမီးက ဂေါ်ဖီထုပ်လေး ဖြစ်နေပေမဲ့ ဒီကားလေးထဲမှာတော့ မင်းသမီးလေးက ကြာပန်းလေး ဖြစ်နေတာပါ လေပေါ်ပျံသိုင်းကွက်အပြီး မှာတော့ အငြိမ့်သိုင်းကွက်လေးတွေ ဆက်ကျင့်ကြတာပေါ့ အဲဒါအပြင် ပရိသတ်တွေရဲ့ အသည်းစွဲ Chinese Ghost Story ထဲက မင်းသမီးကြီး ဖန်ယန်း လည်းပါဝင်နေတော့ ကြည့်ကောင်းမယ်ဆိုတာ ပြောစရာတောင် မလိုလောက်တော့ပါဘူး ဒီကားထဲမှာတော့ ရိုးရိုးသားသားလယ်သမားလေးနှစ်ယောက်က အခွန်တွေအရမ်းတိုးတာကို မပေးနိုင်ဘဲ လယ်တွေအသိမ်းခံလိုက်ရလို့ ဓားပြတွေဖြစ်သွားတာကနေ သူတို့ ဓားပြတိုက်မိတဲ့ သူက နေပြည်တော်သွားပြီး စစ်သူကြီးစာမေးပွဲဖြေမဲ့သူ ဖြစ်နေတော့တာပါပဲ ကံကောင်းတာနဲ့ ကံဆိုးတာကဒွန်တွဲနေပါတယ်လို့ လူတွေပြောကြသလိုပဲ နေပြည်တော်သွားမဲ့သူကြီးက သူတို့နဲ့ ခင်မင်ရင်းနှီးသွားတာပါ အဲဒီလိုနဲ့ အိမ်ခေါ်လည်ပြီးစားကြ သောက်ကြတာပေါ့ နောက်တနေ့ စာမေးပွဲဖြေဖို့ ထွက်သွားရင်းမှာပဲ ဓားပြနှစ်ယောက်ထဲက တစ်ယောက်ရဲ့ သတို့သမီးလောင်း ကြာပန်းလေးဆီ သူက ခိုးပြန်လာပြီး ချစ်ကြောင်းကြိုက်ကြောင်းနဲ့ သူ့ကိုစောင့်နေပါလို့ ပြောသွားပါသေးတယ် နှစ်ဝက်လောက်လည်းကြာရော သူလည်း မင်းမှုထမ်းအဆင့်တွေတိုးရင် မြို့စားကြီးဖြစ် သူနဲ့ခင်ခဲ့တဲ့သူတွေနဲ့လည်း ညီအစ်ကိုဖွဲ့ခဲ့တာဆိုတော့ သူ့ဆီခေါ် အလုပ်ပေးဖို့ခေါ်လိုက်တာပေါ့ အဲဒီမှာပဲ ဇာတ်လမ်းလေးက တလှည့်ပြောင်းသွားပါလေရော သူချစ်ပါတဲ့ဆိုတဲ့ ကြာပန်းလေးနဲ့ပြန်တွေ့တော့ ဘာဖြစ်မလဲ ဓားပြအစ်ကိုကြီးရဲ့ မိန်းမ ဖန်ယန်းကရော ဘယ်လိုတွေအစွမ်းပြမလဲ သူတို့စိတ်ထဲ ဖြောင့်မတ်လှပါတယ်ဆိုတဲ့ အရာရှိကြီးကရော သူတို့အပေါ် ဘယ်လိုစောင့်ရှောက်မလဲ ဇာတ်အိမ်ကောင်းလေးတစ်ခုကို လူကြီးတွေကြိုက်တဲ့အခန်းနဲ့ အချိုးကျကျပေါင်းစပ်ထားတဲ့ ဒီကားလေးကို စီးမျောခံစားရင်း လူတွေရဲ့အကြောင်းကိုလည်း ကောင်းကောင်းနားလည်လာမယ်လို့ ထင်မိပါတယ် ကျော့ရှင်းလှတဲ့ အလှအပကို လက်လွှတ်လိုက်ရလို့ နောင်တမရချင်ရင်တော့.......... File size…(940Mb)/(574 Mb) Quality….Webrip 720p / 480p Format…mp4 Duration….01:33:00 Genre...Drama Horror Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Galon
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 940 MB | Download | |
| 720p | 940 MB | Download | |
| 480p | 574 MB | Download |