
Beyond the Wasteland (2023) IMDb Rating (5.9) လက်မှာ M ဆိုတဲ့ အမှတ်အသားရှိတဲ့ Marko လိုအမည်ရတဲ့ ကလေးလေးက အပြင်လောကနဲ့ထိတွေ့မှုမရှိဘဲ သူ့အဖေနဲ့ တောအုပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့အဖေက အပြင်မှာ လူဆိုးတွေရှိတယ် အန္တရာယ်များတယ်လို သင်ပေးခဲ့ပြီး အမြဲတမ်း အသက်ရှင်သန်ရေးနဲ့ပတ်သက်တဲ့ အသိပညာတွေကို သင်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ Marko သူတိုနေတဲ့တောအုပ်ထဲမှာ သူနဲ့ရွယ်တူ Miko ဆိုတဲ့ ကလေးတစ်ယောက်နဲ့ သူ့အမေတစ်ယောက်ကို တွေ့ခဲ့ပြီး Miko နဲ့ သူငယ်ချင်းဖွဲခဲ့တယ်။ နောက်တော့ Marko က သူ့အဖေက Miko ရဲ့အမေကို သတ်ခဲ့ပါတယ်လို အထင်မှားပြီး သူ့အဖေကို လူဆိုးလိုထင်သွားခဲ့တယ်။ Marko ရဲ့ အဖေက သူသတ်ခဲ့တာမဟုတ်ကြောင်း Miko ရဲ့အမေကို ကယ်ဖိုကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြပြီးရုတ်တရက် သူ့ရဲ့ဒဏ်ရာကြောင့် ထူးဆန်းတဲ့အမူအရာပြောင်းသွားပြီး သူ “လူဆိုး” အဖြစ်ပြောင်းမသွားခင် Marko ကို ထွက်ပြေးခိုင်းခဲ့တယ်။ တကယ်တော့ Marko အဖေပြောခဲ့တဲ့ “လူဆိုး” တွေဆိုတာ ဗိုင်းရပ်ကူးစက်ပြီး ပြောင်းလဲသွားတဲ့ ဇွန်ဘီတွေဖြစ်ပြီး.. ငယ်ရွယ်တဲ့ ကလေးသာသာရှိသေးတဲ့ Marko တစ်ယောက် သူ့ရဲ့ရုပ်ပြပုံပြင်ထဲကလို “နတ်သမီး” ရှာဖို ထွက်သွားခဲ့တဲ့ခရီးမှာ “လူဆိုး” တွေကို ဘယ်လိုရှောင်မလဲဆိုတာ ထိတ်လန့်ဖွယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (870 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Drama,Horror,Science Fiction Duration….01:39:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin