
စီစင် ( ၁ ) အစ အဆုံး ဇာတ်လမ်းတွဲအညွှန်း ကန်ဟယ်ရာဆိုတဲ့ကောင်မလေးဟာ သတင်းအလုပ်ကိုလုပ်ကိုင်နေတဲ့သူလေးဖြစ်တယ်.. စန်းပွင့်တာပဲလား ...အိမ်ထောင်ဘက်ယောင်္ကျားရဲ့အရှိန်အဝါကြောင့်ပဲလားမသိ...အိမ်ထောင်ကျပြီးမှ နာမည်တဟုန်ထိုးကြီးလာတယ်...ဖော်လိုတွေမြောက်များစွာတိုးလာသလို သူမ ဘာလုပ်လုပ် အားကျနေတဲ့ဖန်တွေကလည်း အရမ်းကိုများပြားလွန်းပါတယ်....တစ်ခုသောမနက်ခင်းမှာ သူမနဲ့ကောင်လေးတစ်ယောက် ဟော်တယ်ထဲအိပ်တယ်ဆိုတဲ့သတင်းဟာ လူမှုကွန်ယက်မှာ ဗီဒိုယိုဖိုင်လေးတစ်ခုနဲ့ပျံနှံလာတယ်... အရမ်းကိုသတင်းပျံလွယ်တဲ့ဒီနေ့ခေတ်မှာ ကန်ဟယ်ရာအတွက် ကျရှုံးခန်းလိုပဲ...အစီအစဉ်တွေအကုန်ဖျက်ခံရသလို ယောင်္ကျားကလည်း ကွာရှင်းဖို့အထိဖြစ်လာတယ်....တကယ်တော့ vdoဖိုင်ထဲကလို ဟော်တယ်ထဲမှာ ကောင်လေး တစ်ယောက်နဲ့အိပ်တယ်ဆိုတာ ကန်ဟယ်ရာမဟုတ်ပါဘူး..စနစ်တကျ လုပ်ကြံခံရတဲ့အဖြစ်မျိုးပါ....အဲ့ဒီနောက် သူမဘယ်လိုရုန်းကန်လှုပ်ရှားမလဲဆိုတာကိုတော့... ဒီဇာတ်လမ်းတွဲက မိတ်ကပ်အဖွေးသားနဲ့ မင်းသားတွေ နှုတ်ခမ်းရဲရဲနဲ့ ရိုကြမယ့်ဇာတ်လမ်းတွဲမျိုးတော့မဟုတ်ပါဘူး... မှုခင်းဘက်ကိုအများကြီးအသားပေးထားသလို... သွေးအေးပြီး တော်လွန်းတဲ့မင်းသားရှေ့နေလည်းပါပါတယ်.... ပြီးတော့ အခုထိတော့ စနစ်တကျလုပ်ကြံခံထားရတာနဲ့ ဇာတ်လမ်းတွဲရဲ့ Tempo ကိုတင်ထားပြီး... ရဲတွေ အလွတ်စုံထောက်တွေ ရှေ့နေတွေနဲ့ ခပ်သွက်သွက်လေးစထားပါတယ်.... ပြီးတော့ 18+ အခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ ThinZar Htet,Thet Hnin HSu & Mi Moe Se တို့ပဲဖြစ်ပါတယ်.. Quality – HD-TV 720p Duration – 60Min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genres: Romance, Drama Translated by ThinZar Htet,Thet Hnin HSu & Mi Moe Set Encoder – Phyo Pyae
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။