
The Forgotten Army - Azaadi ke liye 2020 IMDb 7.9 အထိရရှိထားပြီး မင်းသမီးချောလေး Sharvari Wagh က မိတ်ကပ်မရှိတာတောင် သဘာဝကျကျနဲ့ အစွမ်းကုန်လှပပေးထားပါတယ် မင်းသားကလည်း မသိသူမရှိတဲ့ Sunny Kaushal ဆိုတော့ လက်မလွှတ်သင့်တဲ့စစ်ကားကောင်းလေးပါပဲ... ဇာတ်လမ်းကျောရိုးကတော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတို့ကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ် သမိုင်းကိုနောက်ခံယူထားပြီး တချို့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို့ ညွှန်းဆိုရမှာပဲ စစ်ပြန်အဘိုးကနေ မြေးကို သူတို့ရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ် စစ်ကားလဲကြိုက်တယ် ဇာတ်လမ်းခိုင်မာတာကြည့်ချင်တယ် ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတွေကို အခြေခံထားတယ် စသည်ဖြင့် ကောင်းကွက်တွေပြည့်စုံနေတဲ့ ဒီစီးရီးကို ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File Size – 1GB / 500MB Quality – 1080p AMZ WEB DL / 720p Duration – 40mins Total Episodes:5Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Action & Adventure Translator – Cherry~Sai~Yunni~BpL~Nyein Encoder – YK
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
January 23, 2020
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director
Kabir Khan, Anil Senior