
Rabbit Hole (2023) ၂၀၂၃ မှာ Paramount+ မှ ထုတ်လွှင့်ဆဲ Thriller ဇာတ်လမ်းတွဲကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Prison Break တို့ 24 တို့လို ဇာတ်လမ်းတွဲမျိုးကို ကြိုက်သူတွေ ဒီဇာတ်လမ်းတွဲကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ IMDb rating 8/10၊ Rotten Tomatoes 71% ရရှိထားပါတယ်။ 24 ဇာတ်လမ်းတွဲမှာ ဂျက်ဘောင်ဝါ အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ မင်းသားကြီး Kiefer Sutherland က အဓိကမင်းသား ဂျွန်ဝီယာ အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝီယာဟာ ကတုံးပေါ် ထိပ်ကွက်၊ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ သူလျှိုအဖြစ် လုပ်ကိုင်ရင်းအသက်မွေးနေသူဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ပြိုင်ဖက်ကို ထိုးနှက်ဖို့၊ ငွေကြေးရေးကြေး အမြတ်ရရှိဖို့ အစရှိတဲ့ ကိစ္စရပ်တွေကို တရားမဝင်နည်းလမ်းနဲ့ လုပ်ဖို့အတွက် ဂျွန်ကို ငှားရမ်းကြပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း အက်ဖ်ဘီအိုင်ကလည်း ဂျွန့်ကို လိုက်ပြီးစုံစမ်းနေပေမယ့် သက်သေမခိုင်လုံတဲ့အတွက် မဖမ်းနိုင်ဘဲဖြစ်နေပါတယ်။ တစ်နေ့မှာ ဗဲလ်လန့်စ်ဆိုတဲ့ လူတစ်ယောက်က ဂျွန်နဲ့ အမည်မသိလုပ်ငန်းရှင် တစ်ယောက်နဲ့ကြားမှာ ပွဲစားလုပ်ပေးရင်း ဂျွန့်ကို အလုပ်အပ်လာပါတယ်။ အလုပ်ကလည်း လွယ်ကူရိုးရှင်းပြီး ပိုက်ဆံများများရမှာမို့ ဂျွန်လည်း လက်ခံလိုက်ပါတယ်။ ဒါပေမယ့် အဆိုပါအလုပ်ကို ဆောင်ရွက်ပေးနေရင်း ဂျွန်တစ်ယောက် လူသတ်မှုနဲ့ အကွက်ကျကျ ခွင်ဆင်တာကို ခံလိုက်ရပါတယ်။ ဒေသခံ အာဏာပိုင်တွေ၊ အက်ဖ်ဘီအိုင်တွေ၊ ရဲတပ်ဖွဲ့တွေကအစ ဂျွန့်ကို လိုက်ဖမ်းပါတော့တယ်။ ဂျွန်လည်း ရဲတွေ လက်ထဲကနေ လွတ်အောင်ပြေးရင်း သူ့ကို ချောက်ချတဲ့လူကို တွေ့အောင်ရှာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size...1GB | 450MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron