
မင်းသားလီဂျွန်ဂီ အဓိကမင်းသားအဖြစ် ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ဂျိုဆွန်းခေတ်ကို အခြေပြုပြီး ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ... ယွန်းအာရဲ့ ဖခင်ဖြစ်သူက အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ယွန်းအာဟာ လူမှန်းသိတတ်စ အရွယ်လေး ဖြစ်နေပြီမို့ သူ့အဖေဖြစ်သူဟာ မတရားသေဆုံးခဲ့ရတယ်ဆိုတာကို သိနေခဲ့ပါတယ်။ ဒီလိုနဲ့ ယွန်းအာလေး အရွယ်ရောက်လာတဲ့အခါမှာတော့ နေ့ဘက်မှာတော့ ခပ်ပေတေတေလူငယ်လေးတစ်ယောက်အနေနဲ့သာနေပြီး ညဘက်မှာတော့ အကျင့်ပျက်ခြစားနေတဲ့ အမတ်မင်းတွေဆီကနေ ခိုးယူပြီး ပြည်သူတွေကို ပြန်လည်ဝေမျှတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်။ အဲ့ဒီအတွက်လည်း သူ့ကို ပြည်သူတွေက ချစ်စနိုးနဲ့ အီဂျီမဲဆိုတဲ့ နာမည်လေး သတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အီဂျီမဲ ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ဖခင်ကို သတ်သွားတဲ့ အကျင့်ပျက် အမတ်မင်းက ဘယ်သူဘယ်ဝါဆိုတာကို ရှာဖွေဖို့ဖြစ်ပြီး ရေးတေးတေး မှတ်ဉာဏ်တွေနဲ့ တရားခံကို ရှာဖွေနေတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က လက်တွေ့မှာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား? ဘယ်လိုပေးဆပ်မှုတွေ စတေးခံရမှုတွေကို ရင်ဆိုင်ရမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ။ Aired: Mar 21, 2008 -- July 24, 2008 Aired On: Wednesday & Thursday Genres: Action, Historical, Romance, Drama Duration: 1hr Episodes: 20 Original Network: SBS, WAVVE, VIKI File Size: 1080p(~1.8GB) , 720p(~720MB) Translated by Eric, Tiff, Hnin Pale & Kit Encoded by Kinnov
ဇာတ်လမ်းတွဲဒေါင်းလုတ်လင့်များမရှိသေးပါ။ ရုပ်ရှင်ဇာတ်ကားဒေါင်းလုတ်လင့်များ ထည့်ပေးထားပါသည်။
ထုတ်လွှင့်သည့်နေ့
May 21, 2008
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.7 / 10
Director
Lee Yong-seok