
ဒီဇာတ်ကားကတော့ ယိုယွင်းနေတဲ့ပညာရေးစနစ်၊ အမြင်မှားနေတဲ့လူအဖွဲ့အစည်း နဲ့ ဒီအရာတွေကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် ပညာရေးကိုအမြတ်ထုတ်ရောင်းစားနေတဲ့ လူတစ်စုအကြောင်းကိုပုံဖော်ထားတာပါ။ ဆပ်တူးဆိုတဲ့ကောင်လေးက ငွေကြေးအဆင်မပြေပေမဲ့ ပညာရေးမှာတစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ကောင်လေးပါ။ သို့သော် သူ့ပညာရေးအတွက် သူ့အဖေက အကြွေးတင်နေတာရယ် သူ့အစ်မ နပူးလက်ထပ်ဖို့ရယ်ကြောင့် ငွေလိုအပ်နေတာပေါ့ နပူးကတော့ အိမ်ငယ်လေးရဲ့ပြတင်းပေါက်ကနေ ကမ္ဘာကြီးကို စိတ်ကူးယဥ်ပြီး အိမ်မက်တွေပြည့်နှက်နေတဲ့ တက်ကြွထက်မြက်တဲ့ကောင်မလေးတစ်ယောက်ပါ ရာကစ်ရှ်ဆိုတဲ့ သတ်လတ်ပိုင်းယောက်ျားတစ်ယောက်ကတော့ တစ်ဆွေလုံးတစ်မျိုးလုံးကို ထောက်ပံ့ရှာကျွေးနေပေမဲ့ သူ့အဖေမှန်းထားတဲ့ဆရာဝန် ဖြစ်မလာတဲ့အတွက် အမြဲတမ်း အမှိုက်လိုဆက်ဆံခံနေရတဲ့သူတစ်ယောက်ပေါ့ တစ်ဖက်မှာ ဆရာဝန်ညီလေးကိုတော့ အားလုံးက ဖူးဖူးမှုတ်ထားကြတယ်လေ တစ်နေ့ ဘဝနာလို့သားကောင်ရှာနေတဲ့ ရာကစ်ရှ်တစ်ယောက် ငွေလိုနေတဲ့ ဆပ်တူးကို စာမေးပွဲတွေမှာ ကိုယ်စားဖြေပေးဖို့ ငွေအုပ်လိုက်ကြီးနဲ့ ကမ်းလှမ်းလာပါတော့တယ်။ ဆပ်တူးလည်း ရေငတ်တုန်းရေတွင်းထဲကျသွားလို့ ဒီလို အချီကြီးပွမယ့်ကိန်းကို လုံးဝလက်လွတ်မခံခဲ့ပါဘူး။ ဆပ်တူးတစ်ယောက် ပိုက်ဆံအများကြီးနဲ့ဘာဆက်လုပ်မှာလဲ ရာကစ်ရှ်ကရော ဒီလောက်နဲ့ကျေနပ်နိုင်မှာလား နပူးနဲ့ရာကစ်ရှ်တို့ အချစ်ဇာတ်လမ်းမှာကော ဘာပြဿနာတွေရှိလာမလဲ... IMDb rating 6.1/10 ရထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ် ရာဇဝတ်ကားလေးမလို့ အခုပဲဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးပါရစေ File size…1.5GB / 700MB Quality…1080p WEB DL AAC 2.0 CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eaint Nadi & Yunni & Eliza
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |