
Raid 2 (2025) ******************* (Official WEB DL ထွက်ရှိလာပြီမလို့ ထပ်မံupdateပေးလိုက်ရပါတယ်) ဒီဇာတ်ကားလေးကတော့ IMDb rating 7.8အထိရရှိထားတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ် အမျိုးအစားCrime/Thriller ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Raid 1ထဲက မင်းသားကြီးအားဂျေးဒေ့ဗ်ဂန်ကပဲပြန်လည်သရုပ်ဆောင်ထားပြီး မင်းသမီး ကတော့ War 2019ထဲက ပရိတ်သတ် အသည်းစွဲလေးဖြစ်တဲ့ ဗာနီကပူးရ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Raid 1ထဲက ဖြောင့်မတ်မှန်ကန်ပြီး တိုင်းပြည်အပေါ် သစ္စာရှိတဲ့အပြင် ဘယ်သူဖျက်ဖျက် တရားမပျက်ပါလေသောအကောက်ခွန်အရာရှိကြီးဖြစ်တဲ့ အာမေးပတနာယက်ဟာ ဆိုရင်ဖြင့်လာဘ်စားမှုနဲ့ စွတ်စွဲခံရပြီး သူ့ရဲ့ တာဝန်ကျ သက်တမ်းတလျှောက် ၇၄ကြိမ်မြောက် အနေနဲ့ ဘွဂ်ျမြို့ကို တာဝန်ပြောင်းရွှေ့ချထားခြင်း ခံလိုက်ရပါတယ်။ ဘွဂ်ျမြို့ကို ရောက်တယ်ဆိုရင်ပဲ သူတော်ကောင်းယောင်ဆောင်ထားတဲ့ ပြည်ထဲရေးဝန်ကြီး ဒါဒါဘိုင်ဆိုသူနဲ့ ထိပ်တိုက် တွေ့လိုက်ရပြီး ဒါဒါဘိုင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်စီးတော့တာပေါ့။ အချက်အလက် အတိအကျနဲ့ စစ်ဆင်ရေး ဝင်စီးခဲ့ပေမဲ့လည်းရန်သူ့ဘက် က ခြေတစ်လှမ်းသာသွားတာကြောင့် ဘာမှမသိမ်းလိုက်ရတဲ့အပြင် တာဝန်ကနေပါ ရပ်ဆိုင်းခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ အာမေးပတနာယက်တစ်ယောက် ဒါဒါဘိုင်ကို ရိုက်ချိုးနိုင်ဖို့ လျှို့ဝှက်လှုပ်ရှားရာမှာတော့… ဝန်ကြီးဖြစ်တဲ့ ဒါဒါဘိုင်ကို ရာထူးမဲ့ အာမေးပတနာယက် တစ်ယောက် ဖြိုချနိုင်မှာလား… ဘယ်လို ဇာတ်ကွက် အလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲ… ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးလို့ …
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |