
The Third Murder (2017) ************************** ဒီတစ်ခေါက် ဂျပန်ရှေ့နေကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ် .. နာမည်ကြီး ဥပဒေပညာရှင် ရှိဂဲမိုရိက သတ်ဖြတ်မှုနဲ့ ဓားပြမှုအမှုအတွက် စွပ်စွဲခံနေရတဲ့ မိဆုမိကို ကာကွယ်ဖို့ တရားပြိုင်စွပ်စွဲခံရသူဘက်ကနေ ရှေ့နေလိုက်ခဲ့ပါတယ်။ မိဆုမိကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ခန့်တုန်းက လူသတ်မှုအတွက် ထောင်ကျဖူးပြီးသားဖြစ်ပါတယ်။ မိဆုမိက မိမိရဲ့ အပြစ်ကို .. ဖမ်းဆီးခံရ ပြီးပြီးချင်းမှာ ဝန်ခံပြီးသား ဖြစ်နေတာကြောင့် ရှိဂဲမိုရိနဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ ဒီအမှုမှာ အနိုင်ရဖို့အတွက် အလားအလာနည်းသွားပါတယ်။ အပြစ်ဒဏ်အတွက်ကလည်း သေဒဏ်ပေးခံရနိုင်တဲ့ အခြေအနေမျိုးပါ .. ဒါပေမဲ့ ရှိဂဲမိုရီက ဓားစားခံ မိသားစုဝင်တွေနဲ့ မိဆုမိရဲ့ အမြင်တွေကို လိုက်နားထောင်ကြည့်ပြီး .. ဒီအမှုကို နက်နက်ဖြာဖြာ ဆန်းစစ်မိသွားပြီးတော့ .. မိဆုမိက တကယ့် လူသတ်သမား ဟုတ်ရဲ့လားဆိုတာကို ခေါင်းထဲမှာ အနည်းငယ် သံသယဖြစ်လာတဲ့အချိန်… မိဆုမိရဲ့ ထပ်တိုး ပြောင်းလဲလာတဲ့ ဝန်ခံချက်တစ်ခုကြောင့် မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ စပွိုင်းပါသွားမှာစိုးလို့ ဒီလောက်ပဲ ပြောပါတော့မယ်နော်။ ရှေ့နေကား ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ကားကောင်းလေး တစ်ကားပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.71GB / 876MB Quality… BluRay 1080p/ 720p Format…mp4 Duration…. 2 hr. 4 min. Genre ….. Mystery, Psychological, Law, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.71GB | Download | |
| 1080p | 1.71GB | Download | |
| 1080p | 1.71GB | Download | |
| 1080p | 1.71GB | Download | |
| 720p | 876MB | Download | |
| 720p | 876MB | Download | |
| 720p | 876MB | Download | |
| 720p | 876MB | Download | |
| 720p | 876MB | Download |