
White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။ Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။ မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။ သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။ Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။ တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။ Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။ အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။ ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။ ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။ အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။ Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Myo Thant Kyaw Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |