
Wanita Ahli Neraka (2024) **************************** ယခုတစ်ခါမှာတော့ သရဲကားကြိုက်တဲ့ပရိသတ်ကြီးအတွက် အင်ဒိုသရဲကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဖာရာဆိုတဲ့ကောင်မလေးဟာ သူတို့ဘာသာယုံကြည်မှုအတိုင်း ယောက်ျားယူလိုက်ရင် သုခဘုံကို ရောက်ဖို့အတွက် ပိုပြီး နီးစပ်လာမယ်ဆိုတဲ့အထင်နဲ့ ဝါဟဘ်ဆိုတဲ့သူနဲ့ လက်ထပ်လိုက်ပါတယ်။ ဝါဟဘ်ကတော့ နိုင်ငံရေးသမားဖြစ်ပြီး အခုလက်ရှိမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တစ်ယောက်ပေါ့။ ဖာရာဟာ သာယာမယ်အထင်နဲ့ အိမ်ထောင်ပြုလိုက်ပေမဲ့ သူ့အတွက် အိမ်ထောင်ရေးဟာ ငရဲကျသလိုပဲ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဖာရာတစ်ယောက် ထင်ယောင်ထင်မှားလိုလို တကယ်လိုလိုနဲ့ ခြောက်လှန့်မှုတွေ ကြုံတွေ့လာပါတော့တယ်။ ဖာရာတစ်ယောက် ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့လာရတဲ့ကိစ္စဟာ သွေးရိုးသားရိုးရော ဟုတ်ရဲ့လား …… ဘယ်လို ကြောက်စရာကောင်းတဲ့ ခြောက်လှန့်မှုတွေကို ဖာရာတစ်ယောက် တွေ့ကြုံရဦးမလဲ …… ဖာရာ့အိမ်ထောင်ရေးကရော ဘာဆက်ဖြစ်သွားမလဲ ….. ထိတ်ထိတ်လန့်လန့် ကြည့်ရှုရမဲ့ အင်ဒိုသရဲကားကောင်းလေး ဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…818 MB / 385MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Psychological, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu, DaoPhyo & Mary Christ Encoded by AHtet