
Cm ပရိသတ်ကြီးကို အနောက်ပိုင်း ကောင်းဘွိုင် အငွေ့အသက် လွှမ်းခြုံထားတဲ့ Horror ဇာတ်ကားလေး တစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်က ပေးအပ်ထားတဲ့ မစ်ရှင်ကို လုပ်ဆောင်ရင်းနဲ့ လူသားတွေကို ဒုက္ခပေးနေတဲ့ သမန်း ဝံပုလွေတွေ… ဗမ့်ပိုင်းယားတွေကို နှိမ်နင်းဖို့အတွက် ဒန် ရန်မင်တန်အဖြစ် သရုပ်ဆောင်ထားတာကတော့ ကမ္ဘာကျော် WWE,WWF ချန်ပီယံဟောင်း အမေရိကန် နပန်းသမား Al Snow ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မိဘနှစ်ယောက်လုံးကို သမန်းဝံပုလွေ သတ်ဖြတ်လိုက်ပြီး ကျန်တဲ့ ကလေးနှစ်ယောက်ကို သတ်တော့မယ့် ဆဲဆဲမှာ အဖိုးဖြစ်သူ ဒန်ရန်မင်တန် အချိန်မီ ရောက်လာပြီး ကယ်တင်လိုက်ပါတယ်။ သူလုပ်နေတဲ့ အလုပ်က အန္တရာယ် များတာကြောင့် ဒီကလေးတွေကို ခေါ်မသွားချင်ပေမယ့် သူ့မြေးလေး နှစ်ယောက်လုံးမှာ ထူးခြားတဲ့ အစွမ်းကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန် ရန်မင်တန် ကိုယ်တိုင်က ဝိဉာဉ်တွေ စကားပြောတာကို ကြားနိုင်ပြီးတော့ သူ့မြေးအကြီးမလေးက ဝိဉာဉ်တွေ တစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ မြေးအငယ်လေးကတော့ တီထွင်နိုင်တဲ့ အစွမ်းရှိတာပါ။ ပေါ်ဆမ်ထရော့ဆိုတဲ့ မြို့ငယ်လေးကို ဗမ့်ပိုင်းယား နှိမ်နင်းဖို့ ရောက်သွားချိန်မှာ သူထင်သလို မဟုတ်ဘဲ ဒီမြို့ကသူတွေက သူတို့မြို့ အေးချမ်းဖို့ ဗမ့်ပိုင်းယားမိစ္ဆာနဲ့ အပေးအယူလုပ်ပြီး နေနေကြတာပါ။ ဒန်ရန်မင်တန်တို့ မြေးအဘိုးတွေ ဒီမြို့က ဗမ့်ပိုင်းယားတွေကို နှိမ်နင်းနိုင်ပါ့မလား ဆိုတာကိုတော့…။ File size… (858 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 43m Genre …..Horror , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 858 MB | Download | |
| 1080p | 858 MB | Download | |
| 1080p | 858 MB | Download | |
| 1080p | 858 MB | Download |