
Netflix ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က သြစတြေးလျရုပ်ရှင်ဖြစ်ပြီး ဇွန် 28 ရက်နေ့မှာ Netflix မှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်ပွဲတော်မှာလည်း premier အဖြစ်ပြသခဲ့ပါသေးတယ်။ Succession မှာ ပါဝင်ခဲ့တဲ့ Sarah Snook က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Sarah က မျိုးဥနဲ့သားအောင်ခြင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်ပွန်းဖြစ်သူ Pete နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူ Mia က ထူးထူးဆန်းဆန်းအပြုအမူတွေကို ပြုမူလာပြီး တစ်နေ့တခြား Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက် သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့ခြောက်လှန့်မှုကို ရင်ဆိုင်ရပါတော့တယ်။ Run Rabbit Run ဇာတ်ကားက စိတ္တဇ Horror ဇာတ်ကားမျိုးဖြစ်ပြီး တခြားသော သြစတြေးလျ Horror ရုပ်ရှင်များဖြစ်တဲ့ The Babadook, Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်းဒိုင်းခြောက်လှန့်တဲ့ Jumpscare တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း ဇာတ်ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။ သားအမိနှစ်ဦးရဲ့ အထီးကျန်ဆန်တဲ့ ဆက်နွယ်မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲမရဖြစ်လာတဲ့ မိခင်တစ်ဦးနေရာမှာ သရုပ်ဆောင်တဲ့ Sarah Snook ကို ဝေဖန်သူများက ချီးကျူးခဲ့ကြပါတယ်။ Horror ကားဖြစ်ပေမဲ့ Chilling ဖြစ်ပြီး ပြင်းထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တတရားနဲ့ အတိတ်ရဲ့ခြောက်လှန်မှုတွေအကြား လွန်ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်ထားတဲ့ Run Rabbit Run ဟာ Black Swan လို Psychological Horror ရုပ်ရှင်မျိုးကိုနှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |