
တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ မြို့လေးတစ်မြို့ ရှိနေခဲ့မယ်ဆိုရင်ရော..။ ဒီနံရံအကာအကွယ်တွေရဲ့ အထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ လူတွေရဲ့ ရင်ထဲက အကြောက်တရားကရော အမှန်တကယ် အစစ်အမှန်ပဲလား..? ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ခြေလေးချောင်းတော်လှန်ရေး (George Orwell) စာအုပ်ကိုတောင် လျှပ်တပြက်သွား သတိရလိုက်သေးတယ်..။ ကြိုက်တယ်.. မကြိုက်ဘူးဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုပေမဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားရင်တော့ သိပ်နှမြောဖို့ ကောင်းနေမှာမို့ ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ညွှန်းလိုက်ပါ့မယ်..။ အကြောင်းအရာအရ စိတ်လှုပ်ရှားစရာလည်း ကောင်းရမယ်..။ ရင်ထိတ်သည်းဖိုလေးလည်း နည်းနည်းဖြစ်ရမယ်..။ ကျေနပ်စရာကောင်းတဲ့ နှောင်းခေတ်ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတစ်ခု ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့.. ဒီဇာတ်ကားကိုသာ ရွေးလိုက်တော့.. ရွေးလိုက်တော့လို့ ပြောရတော့မှာပဲဗျား..။ File size…(1.3 GB)/(550 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |