
ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ (ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာ ခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့ မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကို လှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေ ပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက် အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီး ဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာ သူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။ အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။ သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ အောင်ပွဲခံ အသာရသွားမလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဗျာ။ နောက်ပြီး ဒီဇာတ်ကားက ဆုကြီး ၉ဆုတောင်ရရှိထားပါတယ်.. File Size : (1.2GB) and (496 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:41:00 Genre : Sci-Fi, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
April 25, 2018
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Christian Petzold