
IMDb - 6.9/10 , RT - 91% > Calls , From Up on Poppy Hill, Monsters Inc. 2, The Legend of Korra, Legion, Dirty Grandpa အစရှိတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ Aubrey Plaza နဲ့ Creep 1,2,3ထဲက ဘဲကြီး Mark Duplassတို့ ၂ယောက်က ယခုဇာတ်လမ်းကို ဦးဆောင်ထားပြီး Spider-Man: Into the Spider-Verse, Spider-Man: Across the Spider-Verse, Let's be Cops, Tag, Jurassic World အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ထားဖူးတဲ့ Jake Johnsonကနေပြီးတော့ ဝန်းရံကာ ဒီဇာတ်လမ်းကို ပုံဖော်ထားကြပါတယ်။ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း reviewကို မေးခွန်းလေးတွေနဲ့ စတင်ချင်ပါတယ်။ အချိန်ခရီးသွားခြင်းကို ဘယ်လိုထင်ပါသလဲ၊ အချိန်ခရီးသွားခြင်းက တကယ်ပဲဖြစ်နိုင်ရဲ့လား။ အကယ်၍ သင်က အချိန်ခရီးသွားဖို့အဖော်ရှာနေတဲ့ကြော်ငြာကို တွေ့ရင် သင့်အနေနဲ့စိတ်ဝင်စားမလား ဒါမှမဟုတ် Scamလို့ပဲသတ်မှတ်ပြီး ကျော်သွားမလား။ .... ဇတ်လမ်းအကြောင်းပြောရရင် ဒဲလ်ရီးယက်စ်ဆိုတဲ့ မိန်းကလေးငယ်လေးက ဆီယက်တဲလ် မဂ္ဂဇင်းတိုက်မှာ အလုပ်သင်ဆင်းနေသူဖြစ်ပါတယ်။ တစ်နေ့မှာ မဂ္ဂဇင်းအတွက် ဆောင်းပါးရေးဖို့အတွက် အစည်းဝေးလုပ်နေတုန်း အချိန်ခရီးသွားဖို့အတွက် လူခေါ်နေတဲ့ကြော်ငြာအကြောင်း ပြောမိရာကနေ ဆောင်းပါးရေးဖို့ဖြစ်လာပါလေရော။ ဒီလိုနဲ့ ဒဲလ်ရီးယက်စ်က စီနီယာ စာရေးဆရာ ဂျက်ဖ်နဲ့ နောက်ထပ် အလုပ်သင် အာနိုးနဲ့အတူတူ ထိုကြော်ငြာခေါ်ထားတဲ့နေရာဆီကို သွားပြီး စုံစမ်းကြတော့ ကက်နက် ကယ်လိုဝေးလို့ခေါ်တဲ့ လူကို ရှာတွေ့ပါလေရော။ ထိုလူက ဘယ်လိုလူလဲ၊ ဘယ်လိုမျိုးကြောင့် အချိန်ခရီးသွားဖို့ အဖော်ရှာနေရတာလဲ၊ အချိန်ခရီးသွားတာက တကယ်ရောဖြစ်နိုင်ရဲ့လား၊ သူက အတည်ပေါက်ပြောနေတာ ရွှီးနေတာလားဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုရုပ်ရှင်မျိုးက ပျင်းစရာကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ မတူညီဘဲ ကွဲပြားလွန်းနေပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ရယ်ကို အချစ်မေတ္တာနဲ့ နှောင်ဖွဲ့ထားပြီးတော့ ဇာတ်လမ်းကို ရင်ထဲရောက်အောင် ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့ ပြောရင်း reviewကို နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 720p | 679MB | Download | |
| 720p | 679MB | Download |
ထုတ်လွှင့်သည့်နေ့
June 8, 2012
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Colin Trevorrow