
ဒီဇာတ်ကားလေးကတော့ US$ သိန်း၃ဝဝလောက် အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့………………………………. ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့ အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ ကိုလိုနီနယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါပြီ။ မားစ်ဂြိုဟ်ပေါ်ကို ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့ သွားရောက်နေထိုင်မယ့်သူတွေကတော့ “ဆာရာအီလီရော့” ခေါ်တဲ့ အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး ၆ဦးပါပဲ။ မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့ “ဆာရာအီလီရော့” မှာ ကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲသိလိုက်ရပါတယ်။ ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ကိုယ်ဝန်ကို အာကာသထဲမှာ ဆောင်ခဲ့ရတယ်။ မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့ မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီး ပြိုကွဲသွားမှာစိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး လျှို့ဝှက်ထားလိုက်ကြပါတယ်။ ကလေးငယ်လေးကတော့ ကမ္ဘာထက် ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ ကမ္ဘာကို ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မားစ်မှာပဲ သိပ္ပံပညာရှင်တွေက ပျိုးထောင်ခဲ့ရပါတယ်။ ဒီကလေးငယ်လေး ကြီးပြင်းလာတဲ့အခါမှာတော ့ကမ္ဘာဂြိုဟ်ကကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်ကနေ သူငယ်ချင်းဖြစ်လာတဲ့အခါမှာတော့……………………………….. ဘာတွေဆက်ဖြစ်ကြမှာလဲ….သူ ကမ္ဘာဂြိုဟ်ကိုလာဖို့ ဘာတွေများလိုအပ်မှာလဲ ကမ္ဘာဂြိုဟ်မှာရော သူ အသက်ရှင်နို်င်ဖို့ ဖြစ်နိုင်ပါ့မလား….. မားစ်ဂြိုဟ်မှာမွေးဖွားခဲ့တဲ့ ပထမဆုံးလူသားတစ်ဦးရဲ့ အမြင်မှာ ကမ္ဘာဂြိုဟ်က တန်ဖိုးထားစရာကောင်းလား ပျော်ရွင်စရာရှိရဲ့လား…… ကမ္ဘာကလူတွေက မားစ်ဂြိုဟ်ကို သွားချင်နေချိန်မှာ မားစ်ဂြိုဟ်ကကောင်လေးတစ်ယောက်ကရော အဲဒီဂြိုဟ်မှာ နေချင်ရဲ့လား…………… စတာတွေကို ဇာတ်လမ်းထဲမှာ ရှုသပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းအလှအပများကို ခံစားရင်းဆက်လက်ရှုစားလိုက်ကြပါ။ Quality…..BluRay 1080p Duration......2:00:00 Format…Mp4 File Size…(865 MB , 551 MB ) Encoder…..Moe Myint lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 26, 2017
ကြာချိန်
2h 1m
အဆင့်သတ်မှတ်ချက်
7.1 / 10
Director
Peter Chelsom