
ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။ သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။ အဲဒီဂွတ်ဘယ်ရီမြို့မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။ တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။ အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီး အဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီး နှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ File Size : 1 GB, 472 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant