
IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်တွေက ခေါ်တာပါ။ အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.95 GB | Download | |
| 720p | 842 MB | Download | |
| 1080p | 1.95 GB | Download | |
| 720p | 842 MB | Download |