
~ IMDb - 6.7/10, Rotten Tomatoes - 94% ~ သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။ "ဇာတ်လမ်းအကျဉ်း" ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာတွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.11GB, 1.1GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 2H 15Min Genre - Action, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 8GB | Download | |
| 1080p | 2.11GB | Download | |
| 720p | 1.1GB | Download | |
| 1080p | 2.11GB | Download | |
| 720p | 1.1GB | Download |