
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့ အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်း Wilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက် ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကို နှစ်ခြိုက်ဖွယ် ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်… Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီး အမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင် ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်… စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန် တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်း ယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ် ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အား သတ်ဖြတ်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာ ကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကို လိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကို အကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်… တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော် ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့် ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကို ဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်… ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်း ဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီး အာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့် အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်း သွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့ အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြရာမှာတော့… ဒီကားလေးမှာဆိုရင် ၁၄ ရာစုရဲ့ ဆွစ်ဇာလန်မျိုးချစ် ဒဏ္ဍာရီ သူရဲကောင်း လေးသည်တော် Wilhelm Tell အကြောင်းကို အံဩဆန်းကြယ်စွာရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရင်သပ်ရှုမောဖွယ် တောတောင်ရေမြေတွေကိုနောက်ခံပြုကာ စစ်ဘုရင်တို့ရဲ့ လက်အောက်က မြို့များရွာများရဲ့ နှိပ်စက်ကလူပြုကျင့်ခံရမှုတို့ကို ရသမြောက်တင်ပြထားတာဖြစ်လို့ အလယ်ခေတ်ရုပ်ရှင်ကြိုက်သူ ပရိသတ်များ မြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (2.32 GB) / (1.34 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 13m Genre ….. Action , Biography , Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.32 GB | Download | |
| 1080p | 2.32 GB | Download | |
| 1080p | 2.32 GB | Download | |
| 1080p | 2.32 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download | |
| 720p | 1.34 GB | Download |