
ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror အမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။ အိမ်ထောင်ရေးသုခ မပြည့်စုံတဲ့ လင်မယား၂ယောက်၊ ခင်ပွန်း ဖြစ်သူက ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်နေချိန် ဗာရိုနီကာလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်က သူတို့ကြားကို ဝင်လာချိန်က စပြီး ပြဿနာတွေမျိုးစုံ ဖြစ်လာပါတော့တယ်။ ဗာရိုနီကာက တောတွင်းတစ်နေရာက သစ်လုံးအိမ်ထဲမှာ နေသူ ဖြစ်ပြီး ထိုအိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အစမှာ မောင်ဖြစ်သူ ဖေဘီယန်ကို အဲဒီကိုခေါ်သွားပြီး ကိုမာရောဂါရပြီး ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို နောက်ပိုင်းမှာ အစ်မဖြစ်တဲ့ အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကိုခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာ ရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်နေမလဲ။ ဘယ်လိုပြဿနာ တွေကို ဇာတ်လိုက်မိသားစု၃ယောက်ကြား ယူဆောင်လာမလဲ ဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX