
မြို့ငယ်လေးတစ်ခုက ရှိသမျှလူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။ မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေသူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ... လူသားမျိုးနွယ်ရဲ့ မျိုးတုံးပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။ တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။ အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O'Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 840MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 23, 1998
ကြာချိန်
1h 31m
အဆင့်သတ်မှတ်ချက်
5.4 / 10
Director
Joe Chappelle