
အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်တွေ့ဆန်ဆန် ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများတော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာကတော့ ကိုယ့်အမှားကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspectiveပေါ်မှာပဲ မူတည်နေမှာပါ ဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ခေါင်းဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမဖြစ်သူ Katherineနဲ့ ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာတော့ ညီမဖြစ်သူကို ရှာဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်ယောက် ကြိုးစားရပါတော့တယ်။ ဒါပေမဲ့Ruthလွတ်လာတာကို မကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိသေးတဲ့ နစ်နာသူမိသားစုက ကလဲ့စားချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ.... Ruth ကျူးလွန်ခဲ့တဲ့အမှားက ဘာများလဲ၊ ဘာကြောင့် နစ်နာသူတွေ ခုချိန်ထိ ခွင့်မလွှတ်နိုင်ကြတာလဲ၊ အငြိုးနဲ့ အာဃာတတွေကြားထဲက Ruth အနေနဲ့ ညီမဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရမလားဆိုတာကို မင်းသမီးကြီးနဲ့အတူ ကိုယ်တိုင်လိုက်ပါ စီးမျောခွင့်ရမယ့် တန်းမြင့် Dramaကားစစ်စစ်ပဲ ဖြစ်ပါတယ် အညွှန်းကို JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein ပဲ ဖြစ်ပါတယ်။ Genre.....Crime,Drama Quality….WEB-DL 1080p and 720p File size… 1.8GB and 1 GB and 350MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 1080p | 1.6GB | Download | |
| 720p | 945MB | Download | |
| 720p | 945MB | Download |