
The Unborn Soul (2023) IMDb Rating (5.3) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတို့ဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတို့လိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကို တော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတို့နှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတို့အိမ်မှာ စပြီး ကြုံခဲ့ရတော့တယ်။ အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံ့ပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို့ Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။ Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ Vietnam horror ကားက ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေက အတော်လေးမြင့်တက်နေတာကြောင့် လူ့ဘဝကိုရောက်ခွင့်မရသေးတဲ့ အပြစ်မဲ့ကလေး တွေရဲ့အသက်ကို တန်ဖိုးထားပြီး ကာကွယ်တတ်ဖို့ မက်ဆေ့ကိုပေးချင်တဲ့ Horror ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:58:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin