
စစ်ပြန်ရဲဘော်တွေ စစ်မှုထမ်းဟောင်းတွေ နေရပ်ပြန်ရောက်ရင် စစ်အနိဌာရုံတွေကို ပြန်မြင်ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ် ဆိုတာမျိုး ကြားဖူးကြမှာပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ် နာဇီစစ်သုံ့ပုန်းစခန်းကနေ ဂျူးလူမျိုးတစ်ယောက် အသက်ရှင်လျက် လွတ်မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာ ဒဏ်ရာအနာတရတွေ အတိတ်ရဲ့အရိပ်တစ္ဆေတွေ ဘယ်လောက် များနေမယ်ထင်ပါသလဲ။ The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်ကတော့ အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုးတို့အတွက် ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းကနေ လွတ်မြောက်လာခဲ့ပြီး စစ်ကြီးပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ လက်ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ခေါ် ဟက်ဇ်ကိုဟာ့ဖ်အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5 Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထား တာပဲဖြစ်ပါတယ်။ အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊ ထိုစခန်းမှ ဘယ်လိုလွတ်မြောက်လာကာ USမှာ လက်ဝှေ့သမားအဖြစ် ဘယ်လိုအသက်မွေးရပ်တည်မလဲ၊ သူ့ရဲ့စိတ်ဒဏ်ရာတွေက အတိတ်မှာရော ပစ္စုပ္ပန်မှာပါ ဘယ်လောက် ဒုက္ခပေးမလဲ၊ အဲဒီ ခြောက်လှန့်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်း ဇာတ်အိမ် လေးလေးပင်ပင်၊Setting ကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင် အထွေအထူးကွန့်ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊ ကြည့်ရှုပြီးသွားချိန်မှာ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ သေချာတဲ့ Heavy Drama movieပဲဖြစ်ပါတယ်။ File size…2GB / 810MB Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |