
CM ကနေ ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ္တဇဆန်ဆန်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သဘင်ပညာသည်လေး ရှစ်ကျားဟာ ရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ် အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့ လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့ သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ် အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီး ရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာ ရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကို အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ် ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီး ရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ် လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား .... ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား.... ဆိုတာကိုတော့ စိတ်ဝင်စာဖို့ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ကြည့်ရှုအဖြေရှာလိုက်ပါနော် [ Reviewed By Kyawt ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 613 MB | Download | |
| 1080p | 613 MB | Download |