
The Neighbors (2012) ********************** IMDb… 7.3 ဒီတစ်ခါမှာတော့ ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင် ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ Castတွေအဖြစ်လည်း ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Ma Dong Seok, မင်းသားကြီး Kim Sung Kyun နဲ့အတူ မင်းသမီး Kim Sae Ron က ဇာတ်ကောင် 2ခုအဖြစ် အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက် ၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာ အဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။ ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့ အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီး သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကို ဖမ်းဆီးသွားနိုင်မှာလား… လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.40GB/ 650MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:50:21 Genre : Action, Thriller, Political Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff