
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ ညဘက်မှာ ကျောခြမ်းစရာ Thriller လေးတွေမှ ကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီးတွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်လေးတွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်လေးအပေါ် အခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူတွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်းခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ရောက်လာတဲ့အခါမှာတော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး လူမျိုးရေးခွဲခြားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်နေပြန်တာမလို့ မီနာက သဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်ရောက်တဲ့အခါမှ သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ရေချိုးခန်းတွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါတော့တယ် ။ ဒါတင်မက တခြားရှုပ်ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်က ဒါတွေက ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူတွေကြားက ကတောက်ကဆကိုပါ မြင်သာအောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle - burmese Translator - Floria Encoder - Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
July 23, 2020
ကြာချိန်
1h 28m
အဆင့်သတ်မှတ်ချက်
5.5 / 10
Director
Dave Franco