
Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ... ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်... ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်.... အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်း March လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ 12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှ ရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်... ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်... ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့် အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်... ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါ စတေးခံခဲ့ရလို့ဖြစ်ပါတယ်.... ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့် သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကို တခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်..... ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်း လုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက် အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်... ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင် နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင် ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်..... ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာ သူမတစ်ယောက်အသက်ရှင်နိုင်မလား..... ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ..... သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်..... File size…(1GB ) Format…mp4 Duration….01:48:48 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint Encoder….Moe Myint Lwin