
ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း နောက်တစ်ခေါက်ပြန်ပြန်ကြည့်ချင်နေတဲ့ ဇာတ်ကားတွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ ~ ဇာတ်လမ်းအညွှန်း ~ အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းလာတာနဲ့အမျှ ဒုစရိုက်မှုတွေ ဆင်းရဲမွဲတေမှုတွေ မှိုလိုပေါက်လာတာကို ဘယ်လိုဖြေရှင်းရမလဲ ခေါင်းခဲနေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီနေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့နေ့မျိုးပေါ့။ လူချမ်းသာတွေကတော့ ငွေနဲ့အကာအကွယ်ယူလို့ရပေမယ့် ဆင်းရဲတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ ပစ်ပယ်ထားခံရတဲ့သူတွေကတော့ အဲဒီနေ့ရဲ့ ပစ်မှတ်တွေပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်ပေမယ့် မထင်ထားရလောက်အောင် ဆင်းရဲမှုတွေ ဒုစရိုက်မှုတွေနည်းသွားပြီး အလုပ်ဖြစ်သွားတာတွေ့ရတော့ အမေရိကန်မှာ ရိုးရာနေ့လေးတစ်နေ့လို ဖြစ်သွားတာပဲ။ ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ ဂျိမ်းဆိုတဲ့သူ... သူက လုံခြုံရေးစနစ်တွေကို ရောင်းရင်းချမ်းသာလာတဲ့သူ။ သန့်စင်ပွဲနေ့ကြောင့် သူ့ထုတ်ကုန်တွေ ရောင်းရတာဆိုတော့ သန့်စင်ပွဲနေ့ကိုလည်း လုပ်သင့်တဲ့သူလို့ ထောက်ခံတဲ့ဘက်ကပေါ့။ သူ့မှာ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိတယ်။ သမီးလေးကတော့ ၁၈နှစ်ပြည့်ပြီး ဘဲတစ်ယောက်လည်းရှိတယ်။ သားလေးကတော့ ငယ်ငယ်လေးရှိသေးတာမို့လို့ ဒီလိုသန့်စင်ပွဲမှာလူတွေ သေရတာမဖြစ်သင့်ဘူးဆိုပြီး အမြဲလိုလိုအကူအညီပေးချင်နေတဲ့သူ။ ဖြစ်ချင်တော့ သားဖြစ်သူက သန့်စင်ပွဲနေ့ညမှာ အိမ်ရာမဲ့ ခြေနှစ်ချောင်းသားကို ကယ်လိုက်မိပါလေရော။ အဲဒီလို ကယ်တင်ပြီးနောက်ပိုင်း ခြေနှစ်ချောင်းသားကယ်ကောင်းလား မကယ်ကောင်းလားဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှူရပါလိမ့်မယ်။ ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမို့ Horror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တို့လို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 25Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 870 MB | Download | |
| 720p | 870 Mb | Download |
ထုတ်လွှင့်သည့်နေ့
May 31, 2013
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
James DeMonaco