
The Monkey (2025) IMDb Rating (6.3) / Rotten Tomatoes (79%) ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချို့နိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို့ ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။ dark comedy, horror ဖြစ်လို့ ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။ မင်းသားကတော့ Divergent ရုပ်ရှင်တွေနဲ့လူသိများတဲ့ Theo James ပါပဲ။ ဇာတ်လမ်းအကျဉ်း ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။ သူတို့အဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တို့အမေက အမှိုက်တွေလို့ထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတို့အဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတွေလို့ သူတို့က မြင်ကြတယ်။ ဒီလိုနဲ့ သူတို့အဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို့ ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။ ဒီမျောက်ရုပ်က တောင်းဆိုလို့မရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ် … (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size…(750 MB) / (470 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Horror Duration….01:36:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Act Molemy
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 750 MB | Download | |
| 1080p | 750 MB | Download | |
| 1080p | 750 MB | Download | |
| 1080p | 750 MB | Download | |
| 720p | 470 MB | Download | |
| 720p | 470 MB | Download | |
| 720p | 470 MB | Download | |
| 720p | 470 MB | Download | |
| 720p | 470 MB | Download | |
| 720p | 470 MB | Download |