
Subham (2025)”ဇာတ်လမ်းတွဲညများ” ============================== တေလေဂူးစကားပြော ရီထရိုစတိုင် ဟာသ ဟော်ရာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ရေလည်ဟော့တဲ့ တေလေဂူးမင်းသမီးချော ဆမန်သာက ပရိဂျူဆာအဖြစ်တာဝန်ယူထုတ်လုပ်ထားပါ။ ၂၁ ရာစု အစောပိုင်းကာလတုန်းက အိန္ဒိယအမျိုးသမီးတွေဟာ ဇာတ်လမ်းတွဲအရှည်ကြီးတွေကို အင်မတန်စွဲလန်းကြပါတယ်။ စရီနူဟာ သူတို့မြိို့လေးမှာ အဲဒီလိုဇာတ်လမ်းတွဲတွေကိုတဆင့်ခံ ထုတ်လွှင့်ပေးတဲ့ ကေဘယ်တီဗွီချန်နယ်တစ်ခုထောင်ထားသူပါ။ အဲဒီလို ပုံမှန်လည်ပတ်နေတဲ့ သူတို့မြို့လေးကို ဂြိုဟ်တုတီဗွီတွေဝင်လာလို့ စရီနူစီးပွားကျနေတဲ့အချိန်မှာ စရီနူတစ်ယောက် မိဘရှာပေးတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်နဲ့ ဖူးစာဆုံခဲ့ပါတယ်။ နဂိုရိုးရိုးအေးအေးရှိတဲ့ စရီနူးဟာ မိန်းမကို အစွမ်းကုန်ချစ်ပြဖို့တွေးထားပေမဲ့ အယ်လ်ဖာယောက်ျားဆိုတာ အိမ်မှာ ဩဇာငြောင်းရတယ်ဆိုတဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုကြောင့် မင်္ဂလာဦးညမှာ မိန်းမကို အပေါ်စီးက လွှမ်းမိုးဖို့ကြိုးစားရာကနေ သဘာဝလွန်ကိစ္စတွေနဲ့ ကြုံလာရတဲ့အခါမှတော့…။ တစ်ခါတုန်းကအချိန်တွေကိုလွမ်းသွားစေမယ့် ဟာသဟော်ရာရုပ်ရှင်ကောင်းလေးဖြစ်လို့ ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 1080p | 3 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |