
The Mean One (2022) ================= Sloth ကောင်လေးတွေ, Winnie The Pooh တို့ လူတွေသတ်နေတဲ့ ခေတ်ကြီးမှာ အားကျမခံ နာမည်ကြီး ဇာတ်ကောင်တစ်ကောင်လည်း လူသတ်ပါပြီ။ အဲဇာတ်ကောင်ကတော့ Dr. Seuss ရေးသားတဲ့ How the Grinch Stole Christmas စာအုပ်ထဲက ဇာတ်ကောင်ကြီး Grinch ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအမျိုးအစားကတော့ Christmas Horror/Parody ပါ။ အလွယ်ပြောရရင် Low budget နဲ့ ရှိပြီးသား ဇာတ်ကောင်ကို ဖျက်ဆီး ထားတယ်ပေါ့ဗျာ။ ကျွန်တော့်အမြင် ပြောရရင်တော့ Winnie the Pooh: Blood and Honey ဇာတ်ကားလောက်တော့ မဆိုးဘူးပြောရမှာပဲ။ Costume ပိုင်းလည်း ပိုပီပြင်တယ်၊ ဇာတ်လမ်းပိုင်းလည်း အဆင်ပြေ တယ်တော့ ဆိုရပါမယ်။ ခရစ္စမတ်ကာလ ညအချိန်မှာ စင်ဒီဟာ ဆန်တာကလော့စ် မဟုတ်ဘဲ ဂရင့်ချ်နဲ့ တွေ့လိုက်ရပါတယ်။ အဲဒါကို စင်ဒီ့အမေက မြင်သွားပြီး ကြောက် အားလန့်အားနဲ့ စင်ဒီ့ကို ကာကွယ်ပေးဖို့ လုပ်ပါတယ်။ အဲလိုလုပ်ရင်း စင်ဒီ့အမေလည်း သေသွားပါတယ်။ စင်ဒီလည်း နယူးဗေးလ်မြို့လေးက ထွက်ခွာသွားခဲ့ပြီး ၁၀ နှစ်ကျော် ကြာပြီးတဲ့နောက်မှ အဖေဖြစ်သူနဲ့ မြို့ လေးကို ပြန်လာပါတယ်။ မြို့လေးမှာ ခရစ္စမတ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ မရောင်းချသလို၊ ခရစ္စမတ်ပွဲတော်ကိုလည်း ဆင်နွှဲခြင်းမပြုကြပါဘူး။ ခရစ္ မတ်ကို မုန်းတီးတဲ့ ဂရင့်ချ် တစ်ယောက် မြို့ငယ်လေးကို ကြောက်လန့်အောင် ဘယ်လိုလုပ်ထားတယ်ဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.43 GB) / (686 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator……Leonard Lin Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.43 GB | Download | |
| 1080p | 1.43 GB | Download | |
| 1080p | 1.43 GB | Download | |
| 1080p | 1.43 GB | Download | |
| 1080p | 1.43 GB | Download | |
| 720p | 686 MB | Download | |
| 720p | 686 MB | Download | |
| 720p | 686 MB | Download | |
| 720p | 686 MB | Download | |
| 720p | 686 MB | Download |