
မရှိခဲ့တဲ့သူတစ်ယောက်အကြောင်း မနေ့က လှေကားခွင်မှာ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူရှိမနေပြန်ဘူး ဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။ မနေ့က လှေကားပေါ်တက်လာတော့ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူး ဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။ “Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။ ၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ရုပ်ရှင်တွေနဲ့ လူအများသိကြမှာပါ။ အခြားရုပ်ရှင်ရိုက်ကွင်းတစ်ခုက ခေတ်ဟောင်းဆံပင်ညှပ်ဆိုင် ပိုစတာကို မြင်ခဲ့ရာက ဒီဇာတ်လမ်းကို အတွေးရခဲ့ကြပြီး ခေတ်ဟောင်း film noir ပုံစံအတိုင်း နောက်ခံစကားပြောပုံစံကို အသုံးပြုထားပါတယ်။ ပုံမှန် film noirတွေနဲ့ ကွဲပြားတာကတော့ ဒီရုပ်ရှင်မှာ ဘီသိုဗင်ရဲ့ ဂန္တဝင်တေးသွားတွေကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar Aung