
လူတစ်ယောက်အပေါ် ထားရှိတဲ့ မကျေနပ်ချက်နဲ့ နာကျည်းမှုကို တခြားသူတစ်ယောက်အပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုးပေါ့။ Aki ဆိုတဲ့ကောင်လေးလည်း ဒီလိုအဖြစ်မျိုး ကြုံတွေ့နေရတာပါ။ အပြင်ပန်းမှာတော့ ဂျပန်ကနာမည်ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်တေးရေး၊ ဂီတပိုင်းပါရမီရှင်တစ်ယောက်ဆိုပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှုတွေကြောင့် ဂီတလောကက အပြီးတိုင် ပျောက်ကွယ်နေချင်သူပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ Rikoဆိုတဲ့ မိန်းကလေးနဲ့ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်းကျောင်းသူလေးရဲ့ နှလုံးသားကို သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် တေးရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းကလေးတွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒတွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မလေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါပေမဲ့ ကလေးမလေးက သူ့အပေါ် တကယ်မေတ္တာသက်ဝင်သွားတဲ့အခါ၊ သူကိုယ်တိုင်လည်း ချစ်ဟန်ဆောင်ရင်း မသိစိတ်ကတကယ်ချစ်မိသွားတဲ့အခါ အရာရာဟာ ပြန်လည်ပြင်ဆင်ဖို့ အချိန်မီပါဦးမလား၊ အရာအားလုံး နောက်ကျသွားခဲ့ပြီလား၊ အချစ်ကိုရှောင်ပြေးချင်လို့ အလိမ်အညာတွေ သုံးခဲ့ကာမှ အချစ်နဲ့ ထပ်ထိပ်တိုက်တိုးတဲ့အခါ Akiတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ။ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japan Musical Romanceကားလေး ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို တေးသီချင်းတွေနဲ့ထုံမွှမ်းထားတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Aki နေရာက သရုပ်ဆောင်သူကတော့ အထွေအထူးပြောစရာမလိုတဲ့ Rurouni Kenshin မင်းသားTakeru Satohပဲဖြစ်ပါတယ်။ ဂျပန်က ပရိတ်သတ်တွေရော နိုင်ငံတကာက ပရိတ်သတ်တွေကြားမှာပါ ရေပန်းစားခဲ့တဲ့ဇာတ်ကားဖြစ်ပြီး 2009 ခုနှစ်ထွက် "Kanojo wa Uso o Aishisugiteru" manga ကို Live Adaptation အဖြစိ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2017မှာတော့ တောင်ကိုရီးယားက Lee Hyun Woo, Song Kang, Joyတို့နဲ့အတူ Remake Drama အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး မြန်မာပရိတ်သတ် တွေကြား ရေပန်းစားခဲ့ပါသေးတယ်။ Musical and Romanceဖြစ်တာနဲ့အညီ OSTတစ်ပုဒ်ချင်းစီက သိပ်ကိုလှပပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်ညီနေခဲ့တာပါ။ နောက်ဆုံး OSTဖြစ်တဲ့ Chippoke na Ai no Uta (သေးငယ်တဲ့ ချစ်ခြင်းရဲ့သံစဉ်ဖွဲ့သီချင်း)က တကယ်ကိုနားထောင်လို့ကောင်းသလို နာမည်လည်း တော်တော်ရခဲ့တာပဲဖြစ်ပါတယ်။ IMDb 6.7ရရှိထားတဲ့ အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ်နဲ့ စိတ်အပန်းဖြေလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Romance, Musical Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 850MB and 189MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |