
ဟောင်းပေမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားလို့ ဆိုလို့ရတဲ့ “Funny Face”ဟာ (၁၉၅၇)မှာ ထွက်ရှိခဲ့ပေမယ့်လည်း အခုချိန်ထိ ခံစားကြည့်ရှုလို့ကောင်းနေဆဲ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တာကိုတော့ ငြင်းမရပါဘူး။ Americal musical / romantic / comedy ဇာတ်ကားဖြစ်တဲ့အလျောက် တေးသီချင်းတွေကနေ ခံစားချက်တွေကို သီကြူးတာတွေကို အပြည့်အဝခံစားနိုင်မယ့်အပြင် သူ့ခေတ်သူ့အခါက ဖက်ရှင်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို တစ်နည်းတဖုံနဲ့ ထောက်ပြသရော်ထားတာမျိုးကိုလည်း တစိတ်တဒေသအနေနဲ့ ကြည့်ရှုခံစားလို့ရမှာ ဖြစ်ပါတယ်။ ချစ်စိတ်ကူးယဥ်ဆန်လို့ ကောင်းလှပါတယ်ဆိုတဲ့ ပဲရစ်နောက်ခံနဲ့ မင်းသမီးချော Audrey Hepburn ကို အတူတကွ ခံစားလို့ရတာကတော့ ထပ်ဆောင်းလက်ဆောင်ပေါ့။ ဖက်ရှင်မဂ္ဂဇင်းတွေ ခေတ်စားလှတဲ့ ခေတ်အချိန်အခါထဲမှာ အမျိုးသမီးတွေအတွက် အကောင်းဆုံးသော အဖော်မွန်ဖြစ်တဲ့ ကွာလတီမဂ္ဂဇင်းဟာ သူတို့မဂ္ဂဇင်းကို ကိုယ်စားပြုသူဖြစ်လာမယ့် မော်ဒယ်တစ်ယောက်၊ ဒါ့ထက် ကွာလတီအမျိုးသမီးတစ်ယောက်ကို ရှာပါတော့တယ်။ ဖြစ်ချင်တော့ မဂ္ဂဇင်းတိုက်ရဲ့ ပင်တိုင် ဓါတ်ပုံဆရာဖြစ်သူ ဒစ်အေဗရီက စာအုပ်ဆိုင်လေးမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ဒီအတွက် အလားအလာရှိတယ်လို့ မြင်မိသွားပါတယ်။ ဖက်ရှင်ဆိုတာဟာ မလိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကိစ္စတစ်ခုလို့ မြင်နေခဲ့တဲ့ ဂျိုက ပဲရစ်ကိုသွားဖို့ အိမ်မက်ရှိနေခဲ့တဲ့ စာအုပ်ဆိုင်က ကောင်မလေးပဲဖြစ်ပါတယ်။ ကွာလတီရဲ့ဖက်ရှင်ရှိုးကလည်း ပဲရစ်မှာ လုပ်မှာဖြစ်တာကြောင့် ဒစ်တစ်ယောက် ဂျို လက်ခံသွားအောင်လို့ မဲဆွယ်နိုင်ခဲ့တဲ့အပြင် သူ့အပေါ်မှာပါ ခံစားချက်တွေရှိလာအောင် လုပ်နိုင်ခဲ့လေရဲ့။ အချစ်စစ်တို့လမ်းဟာ မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း သူတို့နှစ်ဦးကြား အတားအဆီးလေးတွေကတော့ ဝင်လာဦးမှာပါပဲ။ ဒါ့အပြင် ကြောင်သူတော်အရေခြုံထားတဲ့ မာယာများတဲ့သူတွေကကော ပါလာဦးမလားဆိုတာကိုတော့ CM ကတင်ဆက်ပေးလိုက်တဲ့ (၁၉၅၇)ခုနှစ်ထွက် “Funny Face”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ ရပြီပဲဖြစ်ပါတယ်။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy / Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |