
~ IMDb - 7.5/10, Rotten Tomatoes - 88% ~ ဒီရုပ်ရှင်က စာရေးဆရာ Tom Clancy ရဲ့ ဇာတ်ကောင် Jack Ryan တစ်ယောက် စာမျက်နှာထက်ကနေ ပိတ်ကားပေါ်ကို စတင်ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်ပေးမှာကတော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို သေချာခံစားရလို့ Old but Gold မှ ကြိုက်တယ်ဆိုသူတွေရော Action ကားပရိသတ်တွေပါ ကြိုက်မယ့် ဇာတ်ကားပါပဲ။ ဇာတ်လိုက်၂ယောက်ကတော့ အားလုံးသိတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Pearl Harbor နဲ့ Beetlejuice အပြင် တခြားကားပေါင်းများစွာထဲက မင်းသားကြီး Alec Baldwin ပါ။ ရုရှားရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦးဆောင်တဲ့ Red October ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းကနေ အမေရိကန်ကို ထွက်ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီးရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အမေရိကန်ဘက်မှာ ခိုလှုံမယ့်အကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှားတွေ အသည်းအသန်တားဆီးဖို့ အကြောင်းဖန်လာတာပါ။ အမေရိကန်တွေအမြင်မှာတော့ တာဝေးပစ်ဒုံးတွေ သယ်ဆောင်လာတဲ့ ဆိုဗီယက်ပိုင်ရေငုပ်သင်္ဘောကြီးက အကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။ Red October ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့ကတော့ CIA ရဲ့ သုတေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အနေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သဘောထားကို ယူအက်စ်အာဏာပိုင်တွေ၊ ရေတပ်အရာရှိတွေ ယုံကြည်အောင် နားချရပါတော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအရောက်မခံနိုင်လို့ သွေးထိုးမှုတွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ရှေ့နောက်ညှပ်တိုက်မှုကို ခံရမယ့်အခြေအနေပါ။ ဂျက်အနေနဲ့ ဆိုဗီယက်ရဲ့သွေးထိုးမှုတွေကို ယူအက်စ်အာဏာပိုင်တွေ နားမယောင်အောင် ပြောနိုင်မလား။ အနောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘောတွေရန်ကနေ Red October ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလားဆိုတာ ကြည့်ရှုရမယ့် Action Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 780MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 15Min Genre - Action, Adventure, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |