
ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ Rating 7.4 ရရှိထားတဲ့ The Hate U Give ဆိုတဲ့ လူမဲတွေအကြောင်း ဇာတ်ကားလေးဖြစ်ပါတယ် ဟိုက်စ်ဥယျာဉ်ဆိုတဲ့ လူမဲတွေအများဆုံးနေထိုင်တဲ့ နယ်မြေမှာ စတားဆိုတဲ့ လူမဲကောင်မလေးတို့ မိသားစုနေထိုင်ကြပါတယ် သူ့အမေက သူတို့ မောင်နှမတွေကို လူမဲတွေရဲ့ပြသနာတွေထဲပါမှာစိုးလို့ လူဖြူတွေပဲတက်တဲ့ မြို့ကကိုယ်ပိုင်ကျောင်းမှာပဲ ထားခဲ့ပါတယ် တစ်နေ့တော့ စတားနဲ့ သူ့ငယ်သူငယ်ချင်းကယ်လီတို့ ပါတီတစ်ခုကပြန်အလာ လမ်းမှာလမ်းစည်းကမ်းဖောက်လို့ ရဲကတားခဲ့ပါတယ် အဲ့မှာရဲနဲ့ကတောက်ကစဖြစ်ပြီး ရဲကကယ်လီမှာ သေနတ်ရှိတယ်အထင်နဲ့ သေနတ်နဲ့ပစ်လိုက်တာ ကယ်လီသေသွားခဲ့ပါတယ် စတားက ဒီအမှုရဲ့တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်နေတဲ့အခါ... သတ်လိုက်တဲ့ရဲက လူဖြူဖြစ်နေတဲ့အပြင် အပြစ်ပေးမခံရတဲ့အတွက် လူမျိုးရေးအဓိကရုဏ်းဖြစ်တဲ့အထိ ရှုပ်ထွေးသွားတဲ့အခါ... စတားက အမှုအကြောင်းပြောရင်း မူးယစ်ရာဇာကင်းအကြောင်းကိုပါ ဖော်ထုတ်မိသွားတဲ့အခါ... ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေ ဆက်ဖြေရှင်းသွားမယ်ဆိုတာကို ကြည့်ရှုလိုက်ပါဦး ဒီကားမှာဆိုရင် လူမဲတွေကဘယ်လိုတွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုတာတွေကို တွေ့မြင်ရမှာပါ ဇာတ်လမ်းဆုံးသွားရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာသေချာပါတယ်နော်... File Size : (1 GB) Quality : Web Rip 720p Running Time :2hr 13 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |