
အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့ သေမလောက်ထိတ်လန့်စရာကောင်းပေမယ့် ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့ ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ် ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ ဆီတင်သဘောၤတွဲကြီး နှစ်စင်းဟာ ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့ ဇာတ်အိမ်တည်ထားပါတယ် ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ် ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို ထွက်လာရပါတော့တယ် တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောၤပေါ ်က သဘောၤသားတွေရဲ့ အသက် ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ တွေကိုတင်ဆက်ထားပြန် ပါတယ် ဆဲလ်ဘက်လို့ခေါ ်တဲ့သဘောၤသားရဲ့ခေါင်းဆောင် ှုမှုအောက်မှာသဘောၤသားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော သဘောၤသားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့ မလားဆိုတာကိုတော့…………………… ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့် ဒီဇာတ်ကားလေးဟာ IMDb rating 6.8/10ရရှိထားပြီး Action,Thriller အမျိုးအစားဖြစ်ပါတယ် Actionကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။File Size :799 MB Quality :720 Blu-Ray Format :MP4 Substitle :Myanmar Substitle(hardsub) Encoder :Aung Pyay Translator :Han Htoo Zaw