
ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့ တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမား နှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာ သတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။ အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာ သူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့ တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့ အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမား Bheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး "Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe Pwint & Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |