
Drama/Thriller IMDb - 7.8/10 Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ... ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : (950 MB) and (374 MB) Quality : WEB-DL 720p, Format…mp4 Duration…02:03:00 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae